သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၅၅) နေရာအတွက် လျှောက်လွှာများခေါ်ယူခြင်း လျှောက်လွှာခေါ်ယူသည့်နေ့ရက်အား တိုးမြှင့်သတ်မှတ်ကြောင်း အသိပေးကြေညာခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတွင် လစ်လပ် လျက်ရှိသော (လစာနှုန်းကျပ်၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) တောအုပ်ကြီး (၅၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

လျှောက်ထားသူသည်-
**********************
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) သိပ္ပံ(သစ်တော)ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊
(ဂ) ၂၈-၂-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကျော်လွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူ၊ မဟာဘွဲ့(သစ်တော)ရပြီးသူဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်၊
(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်၊
(င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံသန်စွမ်းသူဖြစ်၍ ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်။

date: 
Tuesday, May 4, 2021 - 13:00