၅-၇-၂၀၂၁ ရက်နေ့မှ ၁၁-၇-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများ မှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၃၀.၄၄၆၆)တန်၊ သစ်မာ (၇.၄၄၆၀)တန်၊ အခြား (၂၅.၇၄၅၀)တန်၊ စုစုပေါင်း (၆၃.၆၃၇၆)တန်၊ တရားခံ (၁၃)ဦး၊ ယာဉ်/ယန္တရား (၁၂)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၇-၂၀၂၁ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ မြို့မဘိနယ်၊ မြုံပြင်တံတားအနီးမှ တရားမဝင် ကညင်/စကားဝါ ခွဲသား(၇၂)ချောင်း (၉.၁၈၆၂)တန်၊ ယာဉ်(၂)စီး၊ တရားခံ(၃)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, July 14, 2021 - 13:15