၁၆-၈-၂၀၂၁ ရက်နေ့မှ ၂၂-၈-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ပြည်နယ်၊ သစ်တောဦးစီးဌာနများ မှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၄၆.၇၃၉၆)တန်၊ သစ်မာ (၃.၃၃၁၁)တန်၊ အခြား (၄၈.၉၀၄၇)တန်၊ စုစုပေါင်း (၉၈.၉၇၅၄)တန်၊ တရားခံ (၄၂)ဦး၊ ယာဉ်/ယန္တရား (၁၉)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၇-၈-၂၀၂၁ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ မေယုကျွန်းအရှေ့မြောက်ဘက် (၅)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းခွဲသား(၂၀၃)ချောင်း (၁၉.၃၃၉၆)တန်၊ စက်လှေ(၁)စီး၊ တရားခံ(၆)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

date: 
Wednesday, August 25, 2021 - 10:45