ဖမ်းဆီးရမိပြီး အမှုပြီးပြတ်သည့် ပုံစံ(၈)ဝင် မီးသွေးအိတ်များ လေလံကြော်ငြာ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်းရှိ ဘဏ္ဍာတော်သိမ်း ပုံစံ(၈)စာရင်းဝင် မီးသွေးအိတ် များအား မူဆယ်ခရိုင်၊ သစ်တောဦးစီးဌာန၊ မူဆယ်မြို့(ချယ်ရီအစည်းအဝေးခန်းမဆောင်)၌ (၉-၉-၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)တွင် မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် အောက်ပါအတိုင်း လေလံတင်ရောင်းချသွားမည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်-
- မီးသွေး(၁၀၉၅)အိတ်၊ (၁၂၈.၂၁၆)တန်
လေလံလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို သစ်တောဦးစီးဌာန၊ မူဆယ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံးနှင့် မူဆယ်မြို့နယ်၊ ဦးစီးအရာရှိရုံးတို့တွင် (၂-၉-၂၀၂၁) ရက်နေ့မှစ၍ ဝယ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက လက်ထောက်ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန မူဆယ်မြို့၊ ဖုန်း-၀၈၂-၅၁၅၉၉ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

date: 
Tuesday, September 7, 2021 - 14:30