သုတေသနလက်ထောက်(၃) ရွေးချယ်ခန့်ထားရေးအတွက် လျှောက်လွှာပေးပို့လျှောက်ထားရန် ကိစ္စ

၁။ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ ရေဆင်းတွင် လစ်လပ်လျှက်ရှိသော (လစာနှုန်း ကျပ် ၁၉၈၀၀၀-၂၀၀၀-၂၀၈၀၀၀) သုတေသနလက်ထောက်(၃)၊ ပညာရှင်အဆင့်(၂) ရာထူးနေရာ (၁)နေရာ အတွက် လျှောက်လွှာများတင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ) သိပ္ပံဘွဲ့ တစ်ခုခုရရှိသူ ဖြစ်ရမည်၊
( ဂ) ၃၁-၈-၂၀၂၁ ရက်နေ့တွင် အသက်(၃၀)နှစ်ထက်မကြီးသူ၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက အသက် (၃၅)နှစ်ထက် မကြီးသူ ဖြစ်ရမည်၊
(ဃ) ကွန်ပျူတာအခြေခံသင်တန်းတက်ရောက်အောင်မြင်သူဖြစ်ရမည်၊
( င) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံ သန်စွမ်းသူဖြစ်၍ ဒေသမရွေး တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
( စ ) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှထောက်ခံချက်ပေးအပ်သူ ဖြစ်ရမည်။

date: 
Friday, September 10, 2021 - 13:30