၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
(၄.၁.၂ဝ၂၅) ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဓ္ဒိရပ်ကွက်၊ အမှတ် (၇) အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ် ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် ဦးလှမောင်သိန်းတက်ရောက်၍ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊မြန်မာ့သစ်လုပ်ငန်း တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်အားပေးကြည့်ရှုခဲ့ကြပြီး အားကစားအမျိုးအစားအလိုက် ပထမ၊ဒုတိယ၊တတိယဆုရရှိသော ကျောင်းသားကျောင်းသူများအား ဆုတံဆိပ်များအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရပါသည်။









