၁၈-၁၀-၂၀၂၁ ရက်နေ့မှ ၂၄-၁၀-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄.၄၃၈၂)တန်၊ သစ်မာ (၁၁.၁၅၂၀)တန်၊ အခြား (၁၄.၉၃၁၂)တန်၊ စုစုပေါင်း (၇၀.၅၂၁၄)တန်၊ တရားခံ (၇)ဦး၊ ယာဉ်/ယန္တရား (၉)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၁-၁၀-၂၀၂၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ဘိနယ်၊ မင်းတုန်း ရိုးမကြိုးဝိုင်း အကွက်အမှတ်(၃၇၊ ၄၇၊ ၄၉)တို့မှ တရားမဝင် ကျွန်းသစ်/ခွဲသား (၁၆၄)လုံး/ချောင်း (၂၁.၁၅၀၆)တန် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, October 26, 2021 - 13:30