၂၅-၁၀-၂၀၂၁ ရက်နေ့မှ ၃၁-၁၀-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄.၀၇၃၀)တန်၊ သစ်မာ (၂၃.၈၃၇၆)တန်၊ အခြား (၃၆.၅၆၆၂)တန်၊ စုစုပေါင်း (၁၀၄.၄၇၆၈)တန်၊ တရားခံ (၃၃)ဦး၊ ယာဉ်/ယန္တရား (၁၉)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၃၀-၁၀-၂၀၂၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မြောက်ပြင်ဘိနယ်၊ မင်းတုန်း ရိုးမကြိုးဝိုင်း အကွက်အမှတ်(၃၇၊ ၄၈)တို့မှ တရားမဝင် ကျွန်းခွဲသားပေါင်း (၉၅)ချောင်း (၁၄.၀၃၁၂)တန် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, November 3, 2021 - 09:45