Installation of participatory database to NTFP for social innovation with green business အလုပ်လျှောက်လွှာခေါ်ယူခြင်း

၁။ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနနှင့် ဂျပန်နိုင်ငံ၊ Hiroshima University တို့ ပူးပေါင်း၍ “Installation of participatory database to NTFP for social innovation with green business” စီမံကိန်းအတွက် စီမံကိန်းလက်ထောက် (Project Assistant) (၁)ဦး အား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၃) လ ခန့်ထားမည် ဖြစ်ပါ သည်။
၂။ အဆိုပါစီမံကိန်းအတွက် အရည်အချင်းပြည့်မီသည့် စီမံကိန်းလက်ထောက် (Project Assistant) (၁)ဦး လစ်လပ်လျက်ရှိပါသဖြင့် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများ လျှောက်ထားနိုင်ပါသည် -
(က) B.Sc (Forestry) ဘွဲ့ရရှိပြီး စီမံကိန်းနှင့် ရုံးလုပ်ငန်း စီမံခန့်ခွဲခြင်းဆိုင်ရာ အတွေ့အကြုံရှိသူဖြစ်ရပါမည်။ အစိုးရဝန်ထမ်း မဟုတ်သူ ဖြစ်ရပါမည်။
(ခ) Microsoft Office (Word, Excel, Powerpoint) ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရပါမည်။
(ဂ) အင်္ဂလိပ်ဘာသာဖြင့် ရေးသားနိုင်သူ၊ ပြောဆိုဆက်သွယ်နိုင်သူ ဖြစ်ရပါမည်။
(ဃ) ကျန်းမာရေးကောင်းမွန်ပြီး စီမံကိန်းဧရိယာသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ် ရပါမည်။
၃။ တာဝန်ထမ်းဆောင်ရမည့်နေရာ - သစ်တောသုတေသနဌာန၊ ရေဆင်း၊ စီမံ ကိန်းရုံး။
၄။ တာဝန်ထမ်းဆောင်ရမည့်ကာလ - ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ။
၅။ လစာ - အမေရိကန်ဒေါ်လာ ၄၀၀ (USD 400)။
၆။ လျှောက်လွှာနောက်ဆုံးပေးပို့ရမည့်ရက် - ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်။

date: 
Friday, November 19, 2021 - 09:45