၂၂-၁၁-၂၀၂၁ ရက်နေ့မှ ၂၈-၁၁-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၈.၁၀၀၀)တန်၊ သစ်မာ (၃၀.၉၂၇၈)တန်၊ အခြား (၂၈.၅၂၀၄)တန်၊ စုစုပေါင်း (၁၀၇.၅၄၈၂)တန်၊ တရားခံ (၇)ဦး၊ ယာဉ်/ယန္တရား (၇)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၂-၁၁-၂၀၂၁ ရက်နေ့တွင် မကွေး တိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ဘိနယ်၊ မဒေးကြိုးပြင်တော၊ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် (၁၄၇/၃)ဝင်ပေါက်မှ (၁)ဖာလုံခန့်အကွာနေရာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး ခွဲသား (၁၃၅)ချောင်း (၂၁.၉၄၀၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှု ဖြစ်ပါသည်-

date: 
Thursday, December 2, 2021 - 09:30