၂၇-၁၂-၂၀၂၁ ရက်နေ့မှ ၂-၁-၂၀၂၂ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၅.၇၈၃၀)တန်၊ သစ်မာ (၁၄.၃၄၇၈)တန်၊ အခြား (၆၁.၄၄၀၂)တန်၊ စုစုပေါင်း (၁၂၁.၅၇၁၀)တန်၊ တရားခံ (၃၁)ဦး၊ ယာဉ်/ယန္တရား (၂၅)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၉-၁၂-၂၀၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အနောက်ကမ်းခြေဘိနယ်၊ ရွှေစဉ့်အိုးနေရာ၊ ဘောမိချောင်းဘေး၊ သဲဖြူရွာမြောက်ဘက် (၃)မိုင်ခန့်အကွာနှင့် သပြေကုန်းရွာ၊ အရှေ့ဘက် (၅)ဖာလုံခန့်အကွာ၊ သစ်ဖြူချောင်းအတွင်းတို့မှ တရားမဝင် ဘောင်ဆန့်/ တောင်သရက်ခွဲသား (၁၀၄)ချောင်း (၁၄.၃၀၇၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Thursday, January 6, 2022 - 09:45