၂၄-၁-၂၀၂၂ ရက်နေ့မှ ၃၀-၁-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၃.၄၂၄၄)တန်၊ သစ်မာ (၅၄.၄၄၅၆)တန်၊ အခြား (၁၇၁.၁၀၀၄)တန်၊ စုစုပေါင်း (၂၇၈.၉၇၀၄)တန်၊ တရားခံ (၃၇)ဦး၊ ယာဉ်/ယန္တရား (၁၂)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၉-၁-၂၀၂၂ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၊ တလိုင်းတောင်ဘိနယ်အတွင်းမှ တရား မဝင် သစ်ပုတ်/ တောင်သရက်/ ကညင် ခွဲသား (၇၉၁)ချောင်း (၃၀.၁၂၀၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, February 2, 2022 - 09:30