၃၁-၁-၂၀၂၂ ရက်နေ့မှ ၆-၂-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀၃.၄၀၈၂)တန်၊ သစ်မာ (၃၁.၁၀၄၂)တန်၊ အခြား (၃၇၂.၁၅၀၀)တန်၊ စုစုပေါင်း (၅၀၆.၆၆၂၄)တန်၊ တရားခံ (၃၁)ဦး၊ ယာဉ်/ယန္တရား (၃၀)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၃၁-၁-၂၀၂၂ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ရွှေလှေဘိနယ်၊ မယ်ချောင်းချောင်းဖျားနှင့် သူဌေးကြိုးဝိုင်း၊ အကွက်အမှတ်(၂)နေရာတို့မှ တရားမဝင် ကညင်/ တောင်သရက်/ ကောင်းမှု ခွဲသား (၂၁၈)ချောင်း (၅၀.၆၂၂၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, February 9, 2022 - 10:00