၇-၂-၂၀၂၂ ရက်နေ့မှ ၁၃-၂-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉၄.၁၄၅၉)တန်၊ သစ်မာ (၁၅.၈၃၃၈)တန်၊ အခြား (၂၇၇.၄၄၅၃)တန်၊ စုစုပေါင်း (၃၈၇.၄၂၅၀)တန်၊ တရားခံ (၅၄)ဦး၊ ယာဉ်/ယန္တရား (၂၁)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၂-၂၀၂၂ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျောက်ချွန်ဘိနယ်၊ ထိန်ကျင်းကျေးရွာ၏တောင် ဘက်(၄)မိုင်ခန့်အကွာ၊ ဂွချောင်းကြိုးပြင်ကာကွယ်တော၊ အကွက်အမှတ် (၁၇)၊ စီပင် ချောင်းတစ်လျှောက်နှင့် ဥမှင်ချောင်းတစ်လျှောက်တို့မှ တရားမဝင် တောင်သရက် ခွဲသား (၃၁၁)ချောင်း (၇၀.၀၀၀၀)တန်၊ လက်ကိုင်စက်လွှ (၂)လက်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါကြောင်း။
သည်-

date: 
Tuesday, February 15, 2022 - 14:15