၁၄-၂-၂၀၂၂ ရက်နေ့မှ ၂၀-၂-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆၅.၉၇၆၆)တန်၊ သစ်မာ (၃၁.၉၁၅၀)တန်၊ အခြား (၂၃၃.၈၇၈၆)တန်၊ စုစုပေါင်း (၃၃၁.၇၇၀၂)တန်၊ တရားခံ (၂၇)ဦး၊ ယာဉ်/ ယန္တရား (၁၄)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၂-၂၀၂၂ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ လမူးဘိနယ်၊ ငှက်ပျောတောကျေးရွာ အနီး၊ လမူးချောင်းဘေးနှင့် အနီးဝန်းကျင်မှ တရားမဝင် တောင်သရက်/ ကညင်/ သစ်ပုတ် ခွဲသား (၄၉၉)ချောင်း (၅၃.၃၇၁၀)တန်၊ လက်ကိုင်စက်လွှ (၂)လက်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, February 23, 2022 - 09:30