၂၈-၂-၂၀၂၂ ရက်နေ့မှ ၆-၃-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသ ကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၇.၃၀၈၄) တန်၊ သစ်မာ (၁၂.၁၅၅၈)တန်၊ အခြား (၁၉၆.၆၆၇၅)တန်၊ စုစုပေါင်း (၂၂၆.၁၃၁၇)တန်၊ တရားခံ (၃၁)ဦး၊ ယာဉ်/ ယန္တရား (၁၃)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂-၃-၂၀၂၂ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလော မြို့နယ် (ပူးတွဲ) ပင်လောင်း မြို့နယ်၊ လွှဲကြီးဘိနယ်၊ ပေါင်းလောင်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၇၃)အတွင်းမှ တရားမဝင် စကားဝါသစ်လုံး/လုံးခြမ်း (၂၈)လုံး/ခြမ်း (၃၅.၄၀၄၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Tuesday, March 8, 2022 - 14:45