၁၄-၃-၂၀၂၂ ရက်နေ့မှ ၂၀-၃-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၈.၃၂၄၆)တန်၊ သစ်မာ (၄၆.၉၄၇၉)တန်၊ အခြား (၁၀၇.၉၈၃၉)တန်၊ စုစုပေါင်း (၂၀၃.၂၅၆၄)တန်၊ တရားခံ (၃၈)ဦး၊ ယာဉ်/ ယန္တရား (၁၂)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၃-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း အကွက်အမှတ် (၆၀၊ ၇၅)အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ဘင်္ဂ/ ချဉ်ယုတ်/ နှော/ မြောက်ငို/ သဒီ သစ်လုံး/ ခွဲသား/ လုံးပတ်(၃)ပေအောက်သစ် (၂၀၂)လုံး/ချောင်း (၃၄.၃၇၀၆)တန်၊ ချိန်းဆော (၁)လက် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီး ရမိမှုဖြစ်ပါသည်-

date: 
Wednesday, March 23, 2022 - 15:30