တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ကျားပေါက်ပွားမှု

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) ကျားပြကွက်တွင် မွေးမြူပြသထားရှိသော ကျား (အထီး) (၃) ကောင်၊ (အမ)(၄)ကောင်၊ စုစုပေါင်း(၇)ကောင် မွေးမြူပြသထားသည့် အနက် အသက် (၈)နှစ်အရွယ်ရှိ ကျား(အထီး)ထူးအောင်နှင့် အသက်(၁၂)နှစ်အရွယ်ရှိ ကျား(အမ)ရိုစီတို့အား မျိုးပွားသားစပ်ခြင်းကို ဆောင်ရွက်ခဲ့ရာ အောင်မြင်ခဲ့ပြီး ၉-၃-၂၀၂၂ ရက်နေ့တွင် ကျား(၁)ကောင်အား ပေါက်ပွားခဲ့ပါကြောင်း၊ ကျားပေါက်ငယ်မှာ ပေါက်ပွားပြီး (၅)နာရီခန့်အကြာတွင် မိခင်နို့သောက်စို့ခဲ့ပါကြောင်းနှင့် Safe Time ကာလမှာ (၃)လဖြစ်ပြီး မိခင်ကျားမကြီးနှင့်ကျားပေါက်ငယ်မှာ ကျန်းမာလျက်ရှိပါသည်။

date: 
Wednesday, April 6, 2022 - 11:30