သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျွန်း/သစ်မာ လျာထားထုတ်လုပ်မှု (၁)နှစ်ရပ်နားကြောင်းအသိပေးကြေညာချက်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောသယံဇာတများ‌ ရေရှည်တည်တံ့စေရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးတွင် သစ်တောများပြန်လည်တည်ထောင်ခြင်းအစီအစဉ်ကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ(၁၀)နှစ် စီမံကိန်းရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သစ်ထုတ်လုပ်မှုကိုလည်း နှစ်စဉ်ထုတ်လုပ်နိုင်မည့် ပမာဏ(Annual Allowable Cut-AAC) ဘောင်အတွင်းမှ လျှော့ချထုတ်လုပ်ရန် လျာထားဆောင်ရွက်ရှိပါသည်။ နိုင်ငံပိုင်သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး ဦးတည်လျက် ၂၀၂၁-၂၀၂၂ ခုနှစ်(၆)လ ဘဏ္ဍာနှစ်ကာလတွင် သစ်ထုတ်လုပ်မှုရပ်နားခဲ့ပြီး ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ကျွန်း/သစ်မာ လျာထားထုတ်လုပ်မှုအား ထပ်မံ၍ တစ်နှစ်ရပ်နားလိုက်ကြောင်း အမိန့်ကြော်ငြာစာအမှတ် ၆၅/၂၀၂၂ (၁၃၈၃ ခုနှစ် တန်ခူးလဆန်း ၅ ရက်၂၀၂၂ ခုနှစ် ဧပြီ ၅ ရက်)တွင်ကြေညာလိုက်သည်။

date: 
Friday, April 8, 2022 - 10:15