၄-၄-၂၀၂၂ ရက်နေ့မှ ၁၇-၄-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉၁.၆၃၁၄)တန်၊ သစ်မာ (၁၁၂.၇၆၈၆)တန်၊ အခြား (၃၀၉.၂၇၆၅)တန်၊ စုစုပေါင်း (၆၁၃.၆၇၆၅)တန်၊ တရားခံ (၄၃)ဦး၊ ယာဉ်/ ယန္တရား (၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၄-၄-၂၀၂၂ မှ ၆-၄-၂၀၂၂ ရက်နေ့ အထိ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇောင်းတူ(၂)ဘိနယ်၊ တောင်ဇာမရီ ကြိုးဝိုင်း အကွက်အမှတ် (၆၂၊ ၆၃၊ ၇၈၊ ၉၈၊ ၉၉) တို့အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုးခွဲသား (၂၉၉)ချောင်း (၃၄.၀၆၀၈)တန်အား စစ်ကြောင်းအသွင်ဖြင့် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Tuesday, April 26, 2022 - 10:00