၂-၅-၂၀၂၂ ရက်နေ့မှ ၈-၅-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၁.၈၂၁၃)တန်၊ သစ်မာ (၁၀.၆၄၀၆)တန်၊ အခြား (၅၃.၃၂၃၆)တန်၊ စုစုပေါင်း (၁၁၅.၇၈၅၅)တန်၊ တရားခံ (၄၁)ဦး၊ ယာဉ်/ ယန္တရား (၃၃)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂-၅-၂၀၂၂ ရက်နေ့ ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ရွှေလှေဘိနယ်၊ ရွှေလှေကြိုးပြင်ကာကွယ်တော အကွက်အမှတ် (၁၅)အတွင်းမှ တရားမဝင် တောင်သရက် သစ်လုံး/ခွဲသား/လုံးပတ် (၃)ပေအောက်သစ် (၁၂၄)လုံး/ချောင်း (၂၄.၆၅၈၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, May 11, 2022 - 10:15