၉-၅-၂၀၂၂ ရက်နေ့မှ ၁၅-၅-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၉.၁၀၃၉)တန်၊ သစ်မာ (၄၀.၆၉၅၈)တန်၊ အခြား (၆၀.၈၈၁၄)တန်၊ စုစုပေါင်း (၁၅၀.၆၈၁၁)တန်၊ တရားခံ (၂၄)ဦး၊ ယာဉ်/ ယန္တရား (၁၂)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၂-၅-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ဘိုင်းဒါးဘိနယ်၊ ရန်ကုန်-မန္တလေး အမြန် လမ်း၊ မိုင်တိုင်အမှတ် (၇၆/၀)၊ လမ်းအနောက်ဘက် (၄)ဖာလုံခန့်အကွာ၊ ဘိုင်းဒါး ကြိုးဝိုင်း၊ အကွက်အမှတ် (၁၀၈)အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး ခွဲသား (၁၄၄)ချောင်း (၁၈.၂၁၄၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, May 17, 2022 - 12:45