၁၆-၅-၂၀၂၂ ရက်နေ့မှ ၂၂-၅-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၂.၄၂၅၂)တန်၊ သစ်မာ (၇၅.၄၀၈၂)တန်၊ အခြား (၁၂၁.၃၂၃၃)တန်၊ စုစုပေါင်း (၂၃၉.၁၅၆၇)တန်၊ တရားခံ (၂၈)ဦး၊ ယာဉ်/ ယန္တရား (၁၄)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၉-၅-၂၀၂၂ ရက်နေ့တွင် ရခိုင် ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ကွေ့ချောင်းဘိနယ်၊ ပြည့်ချောင်း ချောင်းဘေး နေရာမှ တရားမဝင် ကညင်/တောင်သရက် ခွဲသား (၂၀၁)ချောင်း (၄၇.၂၅၉၄)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, May 24, 2022 - 13:30