၃၀-၅-၂၀၂၂ ရက်နေ့မှ ၅-၆-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၀.၁၁၅၈)တန်၊ သစ်မာ (၉.၈၉၃၂)တန်၊ အခြား (၃၃.၇၃၃၃)တန်၊ စုစုပေါင်း (၇၃.၇၄၂၃)တန်၊ တရားခံ (၃၃)ဦး၊ ယာဉ်/ ယန္တရား (၁၆)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂-၆-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သူရဲတန်း(ခ)ဘိနယ်၊ သူရဲတန်းချောင်း အနီးနေရာများဖြစ်သော မသုန်ကျေးရွာ အနောက်တောင်ဘက်နှင့် သူရဲတန်းကြိုးဝိုင်း၊ အကွက်အမှတ် (၄၆)အနီးဝန်းကျင်တို့မှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ထောက်ကြန့်/ ဖန်ခါး/ဇင်ပြွန်း/မျောက်ငို/နဘဲ ခွဲသား (၆၇)ချောင်း (၁၀.၁၂၇၄)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, June 7, 2022 - 13:00