ပဲခူးတိုင်းဒေသကြီးအတွင်း တည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ်သည့် ဖျက်ပိုးနှင့်ရောဂါများအား ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများဖြင့်စီမံအုပ်ချုပ်ခြင်းစီမံကိန်းအလုပ်လျှောက်လွှာခေါ်ယူခြင်း(Project Assistant) (၁) ဦး

သစ်တောဦးစီးဌာနနှင့် အာရှသစ်တောဆိုင်ရာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO) တို့ ပူးပေါင်း၍ “ပဲခူးတိုင်းဒေသကြီး အတွင်း တည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ်သည့် ဖျက်ပိုးနှင့် ရောဂါများအား ဘက်ပေါင်းစုံကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများဖြင့် စီမံအုပ်ချုပ်ခြင်း စီမံကိန်း (FD-AFoCO IPDM Project)” အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ အထိ (၅) နှစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
၂။ အဆိုပါစီမံကိန်းအတွက် အရည်အချင်းပြည့်မီသည့် စီမံကိန်းလက်ထောက် (Project Assistant) (၁) ဦး လစ်လပ်လျက်ရှိသဖြင့် အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများ လျှောက်ထားနိုင်ပါသည် -
(က) B.Sc. (Forestry) ဘွွဲ့ရရှိပြီး စီမံကိန်းနှင့် ရုံးလုပ်ငန်း စီမံခန့်ခွဲခြင်းဆိုင်ရာ အတွေ့အကြုံရှိသူ ဖြစ်ရပါမည်။ အစိုးရဝန်ထမ်းမဟုတ်သူဖြစ်ရပါမည်။
(ခ) Microsoft Office (Word, Excel, Powerpoint) ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ ဖြစ်ရမည်။
(ဂ) အင်္ဂလိပ်ဘာသာဖြင့် ရေးသားနိုင်သူ၊ ပြောဆိုဆက်သွယ်နိုင်သူ ဖြစ်ရပါမည်။
(ဃ) ကျန်းမာရေးကောင်းမွန်ပြီး စီမံကိန်းဧရိယာသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
၃ ။ တာဝန်ထမ်းဆောင်ရမည့်နေရာ - စီမံကိန်းရုံး သစ်တောသုတေသနဌာန။
၄။ လစာ - အမေရိကန်ဒေါ်လာ ၂၅၀ (USD 250)။
၅။ အစမ်းခန့်ကာလအား (၆)လ သတ်မှတ်ပြီး လုပ်ငန်းဆောင်ရွက်မှုအပေါ် ကျေနပ်မှု ရှိပါက အတည်ပြုခန့်အပ်သွားမည် ဖြစ်ပါသည်။

၆။ စီမံကိန်းလက်ထောက် (Project Assistant) (၁) ဦး၏ လုပ်ငန်းတာဝန်နှင့် ဝတ္တရား များ (Terms of Reference – ToR) မှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -
(က) စီမံကိန်းမှကျင်းပသည့် အစည်းအဝေးများ၊ သင်တန်းများနှင့် အလုပ်ရုံဆွေးနွေး ပွဲများ ကျင်းပခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည်များအား ဆောင် ရွက်ရမည်။
(ခ) စီမံကိန်းဧရိယာများသို့ သွားရောက်၍ ဖျက်ပိုး/ရောဂါစာရင်းများ ကောက်ယူ ခြင်း လက်တွေ့သရုပ်ပြသင်တန်းများ ကျင်းပခြင်း၊ စာရင်းကောက်ယူခြင်း ဆိုင်ရာလုပ်ငန်းများနှင့် ဖျက်ပိုး/ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လုပ်ငန်း များအတွက် ကွင်းဆင်းဆောင်ရွက်ရမည်။
(ဂ) စီမံကိန်းဆိုင်ရာ အချက်အလက်များ ပြုစုတင်ပြခြင်းနှင့် လုပ်ငန်းတိုးတက်မှု အစီရင်ခံစာ များရေးသားခြင်း ဆောင်ရွက်ရမည်။
(ဃ) စီမံကိန်း အကောင်အထည်ဖော်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ရုံးလုပ်ငန်း ကိစ္စရပ်များ ဆောင်ရွက်ရမည်။
(င) အလုပ်ရာထူးမှ နှုတ်ထွက်လိုပါက စီမံကိန်းမန်နေဂျာထံသို့ အနည်းဆုံး (၁) လ ကြိုတင်၍ အသိပေးပြီး တာဝန်ယူထားသည့် လုပ်ငန်းများ အပြီးသတ်ဆောင် ရွက်ပြီးမှသာ နှုတ်ထွက်ရမည်ဖြစ်ပါသည်။
၇။ လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကို သစ်တောသုတေသနဌာန၊ ညွှန်ကြားရေးမှူးရုံးသို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့လျှောက် ထားနိုင်ပါသည် -
(က) ကိုယ်ရေးရာဇဝင်၊
(ခ) ဘွဲ့လက်မှတ်မိတ္တူ၊
(ဂ) မှတ်ပုံတင်မိတ္တူ၊
(ဃ) ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ၊
(င) အကျင့်စာရိတ္တကောင်းမွန်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ။

date: 
Thursday, June 16, 2022 - 15:15