သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ Knowledge Sharing Presentation ကျင်းပ

(၂၄-၃-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ဒေါက်တာသိန်းဆောင်(လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့်စာရင်းအင်းဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။အစီအစဉ်အရ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်း မှ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တွင်ပြုလုပ်သည့် ဥရောပ စိမ်းလန်းစိုပြည်ရေးနည်းပညာဆိုင်ရာ ဝန်ဆောင်မှု အဖွဲ့အစည်း၏ စီမံကိန်းကနဦး အလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်ထွန်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့တွင်ပြုလုပ်သည့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်အရ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် မြို့ပြလေကြောင်း ဆက်သွယ်မှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်မှုအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးဉာဏ်မြင့်အောင်မှ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဒေသခံအခြေပြုသစ် မဟုတ်သော သစ်တောထွက်ပစ္စည်းများဆိုင်ရာစီးပွါးရေးလုပ်ငန်းများအားလေ့လာရေးခရီးစဉ်အားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရပါသည်။

date: 
Monday, March 24, 2025 - 13:45