၂၇-၆-၂၀၂၂ ရက်နေ့မှ ၃-၇-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၇၃.၃၄၂၂)တန်၊ သစ်မာ (၁၆.၆၃၅၄)တန်၊ အခြား (၄၀.၇၀၆၈)တန်၊ စုစုပေါင်း (၁၃၀.၆၈၄၄)တန်၊ တရားခံ (၁၃)ဦး၊ ယာဉ်/ယန္တရား (၁၃)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂-၇-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး(ခ)ဘိနယ်၊ ကျောက်ဖူး ကြိုးဝိုင်း၊ အကွက်အမှတ်(၈၅)အတွင်း၊ ပြည်-တောင်ကုတ်ကားလမ်း မိုင်တိုင်အမှတ် (၃၈/၇)အနီးမှ တရားမဝင် ကျွန်းခွဲသား (၃၁၄)ချောင်း (၂၅.၅၈၉၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, July 6, 2022 - 15:00