ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊အနောက်ကြို့ကုန်း ၊ သစ်တောဝန်းအတွင်းရှိ ကျွန်းရတနာခန်းမတွင်အပြည်ပြည်ဆိုင်သစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်သစ်တောများနေ့အထိမ်းအမှတ် အခမ်းအနားကို မတ်လ (၂၁)ရက်နေ့၊ (၀၈:၀၀)နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်း၊ သစ်တောဝန်း အတွင်းရှိ ကျွန်းရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ သယံဇာတရေးရာဝန်ကြီး၊တိုင်းဒေသကြီးအဆင့် ဆက်စပ်ဌာန ဆိုင်ရာများ၊ သစ်အခြေခံစက်မှုလက်မှုလုပ်ငန်းရှင်များ၊ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များ၊ သစ်တောဝန်ထမ်းများ စုစုပေါင်းအင်အား (၁၉၅)ဦးတက်ရောက်ခဲ့ပါသည်။အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အပြည်ပြည် ဆိုင်သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်ရခြင်းနှင်ပတ်သက်၍ရှင်းလင်းပြောကြားပြီး အပြည်အပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ်အဖြစ် မှတ်တမ်းဗီဒီယိုပြသရာ တာဝန်ရှိသူ များကကြည့်ရှုခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီး၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သစ်အခြေခံစက်မှုလက်မှု လုပ်ငန်းရှင်များ၊ ကြိမ်နှင့်ဝါးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိကသစ်တောစိုက်ခင်းလုပ်ငန်းရှင်များကအပြည်အပြည် ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ်အဖြစ် ပြသထားသောပိုစတာများကို လှည့်လည်ကြည့်ရှု‌လေ့လာကြရာ သစ်တောဦးစီးဌာန၊ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ ခဲ့ကြကြောင်း သိရှိရပါသည်။

date: 
Monday, March 24, 2025 - 18:30