၈-၈-၂၀၂၂ ရက်နေ့မှ ၁၄-၈-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၅၂.၄၈၁၆)တန်၊ သစ်မာ (၁၅.၉၄၄၀)တန်၊ အခြား (၈.၅၃၈၈)တန်၊ စုစုပေါင်း (၇၆.၉၆၄၄)တန်၊ တရားခံ (၄၀)ဦး၊ ယာဉ်/ယန္တရား (၄၂)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၃-၈-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ်(၆၀၊ ၆၄၊ ၆၅)တို့အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး သစ်လုံး/ခွဲသား/လုံးပတ်၃ပေအောက်သစ် (၆၉)လုံး/ချောင်း (၁၀.၅၈၁၄) တန်၊ ယာဉ်(၁)စီး ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, July 6, 2022 - 10:30