၂၆-၉-၂၀၂၂ ရက်နေ့မှ ၂-၁၀-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၉၉.၁၅၄၈)တန်၊ သစ်မာ (၂၆.၀၁၃၈)တန်၊ အခြား (၂၂.၄၃၈၀)တန်၊ စုစုပေါင်း (၁၄၇.၆၀၆၆)တန်၊ တရားခံ (၁၅)ဦး၊ ယာဉ်/ ယန္တရား (၁၁)စီး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၁၀-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၆၆၊ ၆၇၊ ၇၈၊ ၇၉) တို့အတွင်းမှ တရားမဝင်ကျွန်း သစ်လုံး/ခွဲသား/ခွဲခြမ်း/ယောင် (၁၉၂) လုံး/ချောင်း/ခြမ်း (၄၃.၁၅၂၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, September 14, 2022 - 21:30