၇-၁၁-၂၀၂၂ ရက်နေ့မှ ၁၃-၁၁-၂၀၂၂ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၄၄.၃၁၁၆)တန်၊ သစ်မာ (၇.၄၆၆၈)တန်၊ အခြား (၄၂.၉၂၉၆)တန်၊ စုစုပေါင်း (၁၉၄.၇၀၈၀)တန်၊ ယာဉ်/ ယန္တရား (၁၆)စီး၊ တရားခံ (၃၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၉-၁၁-၂၀၂၂ ရက်နေ့တွင် ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်း၊ အကွက်အမှတ် (၈၀၊ ၈၂) တို့အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသား/ခွဲခြမ်း (၁၈၇)လုံး/ချောင်း/ခြမ်း (၃၃.၂၈၃၈)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, October 19, 2022 - 01:15