သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနတွင် လစ်လပ် လျက်ရှိသော တိရစ္ဆာန်ထိန်း(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၁၅) နေရာ အတွက် လျှောက်လွှာမျာ

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနတွင် လစ်လပ် လျက်ရှိသော တိရစ္ဆာန်ထိန်း(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၁၅) နေရာ အတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
( ခ ) အခြေခံပညာမူလတန်း အဆင့် ရှိသူဖြစ်ရမည်၊
( ဂ) 3၁-၁-၂၀၂3 ရက်နေ့တွင် အသက်(၄၀)နှစ်ထက်မကြီးသူ ဖြစ်ရမည်၊ နိုင်ငံ့ဝန်ထမ်း ဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီးအမှူး၏ ခွင့်ပြုချက် တင်ပြရမည်၊
(ဃ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်၊
( င) ပြစ်မှု/ပြစ်ဒဏ်ကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံချက်အား တင်ပြ နိုင်သူဖြစ်ရမည်၊
( စ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၃)နှစ်တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ (pdf format ဖြင့် scan ဖတ်၍ ) ပူးတွဲလျက် [email protected] / nwcdfd.mof @gmail.com သို့ Online စနစ်ဖြင့်ဖြစ်စေ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ဌာနသို့ဖြစ်စေ၊ ပြည်နယ်/တိုင်းဒေသကြီးများရှိ သဘာဝဝန်းကျင်နှင့်သားငှက် တိရစ္ဆာန်ထိန်းသိမ်းရေးဌာန၏ ဥယျာဉ်/အုပ်ချုပ်ရေးမှူးရုံးများသို့ဖြစ်စေ လူကိုယ်တိုင်ဖြစ်စေ ၂၅-၁-၂၀2၃ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်-
(က) အခြေခံပညာမူလတန်းတက်ရောက်ကြောင်း ကျောင်းထောက်ခံစာ
(စစ်ဆေးသည့်အခါ မူရင်း တင်ပြနိုင်ရမည်)၊
( ခ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံထားသည့် ပြစ်မှု/မှုခင်း ကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
( ဂ) ပြင်ပမှလျှောက်ထားသူများအတွက်အလုပ်သမားမှတ်ပုံတင်ကတ်ပြားမိတ္တူ (စစ်ဆေးသည့်အခါတွင် မူရင်း တင်ပြနိုင်ရမည်)၊
(ဃ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်း၊
၄။ ရေးဖြေ(အထွေထွေဗဟုသုတ)စစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး ရေးဖြေစစ်ဆေးခြင်းပြုလုပ်မည့် ရက်စွဲ၊ အချိန်၊ နေရာနှင့် စာမေးပွဲ ဖြေဆိုရန်အတွက် လျှောက်ထားသူ တစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်များကို သစ်တောဦးစီးဌာန၏ Website www.forestdepartment. gov.mm နှင့် [email protected] / nwcdfd.mof @gmail.com တို့တွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။
၅။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက်ထက် ကျော်လွန်မှ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၆။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၀၅403/ ၀၆၇-၃၄၀၅၁80 သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာပုံစံများကို သစ်တောဦးစီးဌာန၏ https://bit.ly/3CEk6ZZ တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Monday, January 16, 2023 - 11:30