၂၀-၃-၂၀၂၃ ရက်နေ့မှ ၂၆-၃-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၆.၇၄၅၈)တန်၊ သစ်မာ (၅၀.၁၆၆၀)တန်၊ အခြား (၄၃.၈၀၉၄)တန်၊ စုစုပေါင်း (၁၄၀.၇၂၁၂)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၂၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-
ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၆-၃-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ မုက္ခာ(၁)ဘနယ်၊ မုက္ခာကြိုးဝိုင်း၊ အကွက်အမှတ် (၄၀၊ ၅၁)/ မင်းလှ(၁)ဘိနယ်၊ မင်းလှကြိုးဝိုင်း၊ အကွက်အမှတ် (၁၂) တို့အတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး သစ်လုံး/ ခွဲသား/ လုံးပတ်၃ပေအောက် သစ် (၄၄၆)လုံး (၅၉.၀၀၅၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Monday, March 6, 2023 - 02:45