၂၇-၃-၂၀၂၃ ရက်နေ့မှ ၂-၄-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၄၄.၉၈၆၃)တန်၊ သစ်မာ (၃၇.၄၁၆၂)တန်၊ အခြား (၆၅.၀၃၃၄)တန်၊ စုစုပေါင်း (၁၄၇.၄၃၅၉)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၈-၃-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ်(၉၆) နှင့် မုက္ခာကြိုးဝိုင်း၊ အကွက်အမှတ် (၁၀၊ ၁၃)/ ကျွဲမကိုင်းဘိနယ်၊ တောင်ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ်(၈၂) တို့အတွင်းမှ တရား မဝင် ကျွန်း/ ပျဉ်းကတိုး သစ်လုံး/ ခွဲသား/ လုံးပတ်၃ပေအောက်သစ် (၁၆၂)လုံး/ ချောင်း (၂၉.၄၃၄၈)တန်၊ ချိန်းဆော (၄)လက်၊ အင်ဂျင်မပါသစ်တင်ဝန့်(၁)ခု တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, April 19, 2023 - 11:30