၁၅-၅-၂၀၂၃ ရက်နေ့မှ ၂၁-၅-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁၇.၁၁၂၅)တန်၊ သစ်မာ (၂၇.၆၂၅၆)တန်၊ အခြား (၆၂.၇၆၃၄)တန်၊ စုစုပေါင်း (၂၀၇.၅၀၁၅)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၄၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၉-၅-၂၀၂၃ ရက်နေ့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့၊ မဲဇလီဘိနယ်၊ ပန်းလှိုင်မြစ်ကမ်းဘေးမှ တရားမဝင် ကျွန်းခွဲသား (၁၇၉)ချောင်း (၆၅.၈၅၂၂)တန်၊ ရေယာဉ်(၁)စီး၊ အင်ဂျင် (၁)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, May 23, 2023 - 08:00