၅-၆-၂၀၂၃ ရက်နေ့မှ ၁၁-၆-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၅.၀၅၁၄)တန်၊ သစ်မာ (၈.၀၀၈၈)တန်၊ အခြား (၄၇.၆၀၁၄)တန်၊ စုစုပေါင်း (၇၀.၆၆၁၆)တန်၊ ယာဉ်/ ယန္တရား (၁၇)စီး၊ တရားခံ (၂၅)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၆-၂၀၂၃ ရက်နေ့၊ မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း(မ)ဘိနယ်၊ မန္တလေး- မိုးကုတ်ကားလမ်း၊ မိုင်တိုင်(၇၆/၄)၊ ဖော့တောစစ်ဆေးရေးဂိတ်မှ တရားမဝင် အင်ခွဲသား (၆၄၇)ချောင်း (၂၉.၇၆၉၂)တန်၊ (၁၂)ဘီးယာဉ်(၄)စီး၊ တရားခံ(၄)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, June 13, 2023 - 13:45