၁၉-၆-၂၀၂၃ ရက်နေ့မှ ၂၅-၆-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၈.၂၀၁၀)တန်၊ သစ်မာ (၂၇.၇၆၆၂)တန်၊ အခြား (၄၄.၆၃၁၈)တန်၊ စုစုပေါင်း (၉၀.၅၉၉၀)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ ပါသည်- ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၄-၆-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘန့်ဘွေးကုန်းဘိနယ်၊ မြောက် ဇာမရီကြိုးဝိုင်း၊ အကွက်အမှတ် (၆၂) နှင့် (၆၈) အတွင်းတို့မှ တရားမဝင် ပျဉ်းကတိုး/ ထောက်ကြံ့ သစ်လုံး/ခွဲသား စုစုပေါင်း(၆၈)လုံး (၁၁.၆၄၅၆)တန်၊ ချိန်းဆော(၇)လက် တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, June 27, 2023 - 16:00