၃-၇-၂၀၂၃ ရက်နေ့မှ ၉-၇-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၂.၃၃၄၈)တန်၊ သစ်မာ (၉.၄၁၉၆)တန်၊ အခြား (၄၇.၉၄၀၈)တန်၊ စုစုပေါင်း (၆၉.၆၉၅၂)တန်၊ ယာဉ်/ ယန္တရား (၁၈)စီး၊ တရားခံ (၁၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၈-၇-၂၀၂၃ ရက်နေ့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ မြို့မဘိနယ်၊ (၆)ရပ်ကွက်၊ တာကွေ့-ညောင်တုန်းကားလမ်း၊ မိုင်တိုင်အမှတ် (၁/၄)အနီးမှ တရားမဝင် တောင်သရက်/ ဘောင်ဆန့်ခွဲသား စုစုပေါင်း (၁၂၅)ချောင်း (၁၈.၁၃၆၆)တန်၊ ကား(၁)စီး၊ တရားခံ (၄)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, July 11, 2023 - 16:45