၁၇-၇-၂၀၂၃ ရက်နေ့မှ ၂၃-၇-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၆.၆၂၆)တန်၊ သစ်မာ (၁၃.၉၂၈၄)တန်၊ အခြား (၁၆.၃၁၇၆)တန်၊ စုစုပေါင်း (၅၆.၈၇၂၀)တန်၊ ယာဉ်/ ယန္တရား (၂၂)စီး၊ တရားခံ (၁၉)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၇-၂၀၂၃ ရက်နေ့၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ တောင်ဘိနယ်၊ ရွှေမြိုင်သီရိရပ်ကွက်၊ ကုလားမ ဆိပ်ကမ်းသစ်အနီးရှိ တောအုပ်အတွင်းမှ တရားမဝင် ပျဉ်းကတိုး ခွဲသား/လျှာထိုး စုစုပေါင်း (၄၃၆၅)ချောင်း (၁၂.၅၉၈၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Thursday, July 27, 2023 - 12:30