၁၆-၁၀-၂၀၂၃ ရက်နေ့မှ ၂၂-၁၀-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၉.၀၇၆၂)တန်၊ သစ်မာ (၄၃.၄၂၅၈)တန်၊ အခြား (၃၉.၄၉၅၈)တန်၊ စုစုပေါင်း (၁၁၁.၉၉၇၈)တန်၊ ယာဉ်/ ယန္တရား (၂၃)စီး၊ တရားခံ (၄၆) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၀-၁၀-၂၀၂၃ ရက်နေ့၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝကားလမ်း၊ ချင်းတွင်း တံတားပေါ်မှ ပိတောက်ခွဲသား (၆၈၇)ချောင်း (၃၂.၆၀၂၆)တန်၊ ယာဉ် (၆)စီး၊ တရားခံ (၅)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Wednesday, October 25, 2023 - 11:00