၆-၁၁-၂၀၂၃ ရက်နေ့မှ ၁၂-၁၁-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၈.၁၄၉၂)တန်၊ သစ်မာ (၁၆.၈၃၅၀)တန်၊ အခြား (၁၄၈.၈၂၁၄)တန်၊ စုစုပေါင်း (၁၉၃.၈၀၅၆)တန်၊ ယာဉ်/ ယန္တရား (၁၃)စီး၊ တရားခံ (၁၃) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၇-၁၁-၂၀၂၃ ရက်နေ့၊ ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ဘိနယ်၊ ရေနံ့သာ-ဂွ ကား လမ်း (ဝဲဘက်)၊ ဂွေးတောက်ကျေးရွာအုပ်စု၊ မျှော့တူကျေးရွာအနီး၊ ထီးရိုးဝါးတော အတွင်းနှင့် မျှော့တူကျေးရွာနေ ဦးခင်ဇော်၏နေအိမ်ခြံဝင်းအတွင်းတို့မှ တရားမဝင် ကညင်/တောင်သရက် ခွဲသား (၄၀၄)ချောင်း (၇၄.၃၈၈၆)တန်၊ ကား(၄)စီး၊ တရားခံ (၃)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်-

date: 
Tuesday, November 14, 2023 - 15:30