သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောကြပ်ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုမည့် နေ့ရက်၊ အချိန် ၊ နေရာ နှင့် ခုံအမှတ်များ ကြေညာခြင်း

သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောကြပ်ရာထူးနေရာများတွင် ခန့်ထားရန်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုမည့် နေ့ရက်၊ အချိန် ၊ နေရာ နှင့် ခုံအမှတ်များ ကြေညာခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောကြပ် (လစာနှုန်း ကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်နေ့ရက် ဖြေဆိုမည့်အချိန် ဖြေဆိုမည့်နေရာ
၁ အထွေထွေဗဟုသုတ ၂၃-၁၂-၂၀၂၃
(စနေနေ့) ၀၉ : ၀၀ နာရီမှ
၁၁ : ၀၀ နာရီထိ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း။
၂။ တောကြပ်ရာထူးနေရာများအတွက် ဝင်ခွင့်လျှောက်ထားသူများ၏ ရေးဖြေစာမေးပွဲဖြေဆို ရန် ခုံအမှတ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် မှတ်ချက်
၁ တ/က-၁ ဦးကျော်ငြိမ်းချမ်း ၉/ဇဗသ(နိုင်)၀၀၄၈၈၂
၂ တ/က-၂ ဦးမင်းမင်းအောင် ၉/ဇဗသ(နိုင်)၀၁၀၄၀၀
၃ တ/က-၃ ဦးချစ်ဆန်းဦး ၉/ဇယသ(နိုင်)၀၁၃၃၁၄
၄ တ/က-၄ ဦးဟိန်းသန့်ညို ၉/မတရ(နိုင်)၂၀၆၈၀၆
၃။ တောကြပ် ရာထူးနေရာများအတွက် ဝင်ခွင့်လျှောက်ထားသူများသည် ဖြေဆိုမည့်နေ့ မတိုင်မီ တစ်ရက်ကြိုတင်၍ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စီမံခန့်ခွဲရေးဌာနသို့ သတင်းပေးပို့ရန်နှင့် စာမေးပွဲ ဖြေဆိုမည့်နေ့၏ နံနက် (၀၈:၃၀)နာရီအရောက် ဖြေဆိုမည့်နေရာသို့ အောက်ဖော်ပြပါ စာရွက် စာတမ်း(မူရင်း)များယူဆောင်၍ သတင်းပို့ရမည်ဖြစ်ပြီး (၀၉:၃၀)နာရီထက် နောက်ကျ၍ ရောက်ရှိ လာသူများနှင့် အောက်ဖော်ပြပါ စာရွက်စာတမ်း(မူရင်း) မတင်ပြနိုင်သူများကို စာမေးပွဲဖြေဆိုခွင့် ခွင့်ပြုမည် မဟုတ်ပါ-
(က) အခြေခံပညာအလယ်တန်းအောင်လက်မှတ်(မူရင်း)
( ခ ) လျှောက်လွှာပိတ်ရက်မတိုင်မီ(၆)လအတွင်း သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မှုခင်းကင်းရှင်းကြောင်း ထောက်ခံချက်(မူရင်း)
(ဂ) နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်း)
(ဃ) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်ကတ်ပြား(မူရင်း)
(င) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာဝန်ကြီးဌာန၏ ခွင့်ပြုချက်(မူရင်း)
၄။ ရေးဖြေစာမေးပွဲ လာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက် သည့်အခါတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရမည်။ ရေးဖြေစာမေးပွဲတွင် အမှတ် အများဆုံးရရှိသူများမှ လူတွေ့စစ်ဆေးမည့် အရေအတွက်ကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ၂၀ (င) ၇ နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပြီး မိုင်(၂၀)လမ်းလျှောက်စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်မည့် နေ့ရက်၊ အချိန်၊ နေရာတို့ကို ဆက်လက်ထုတ်ပြန်သွားပါမည်။
၅။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Thursday, December 21, 2023 - 10:00