သစ်တောဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော တောခေါင်းရာထူးနေရာများတွင် ခန့်ထားရန်အတွက် မိုင်(၂၀)လမ်းလျှောက်ခြင်းစစ်ဆေးမည့် အစီအစဉ်ကြေညာခြင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၌ လစ်လပ်လျက်ရှိသော တောခေါင်း (လစာနှုန်း ကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ နှင့်အညီ အထွေထွေဗဟုသုတ ဘာသာရပ် ရေးဖြေစစ်ဆေးခြင်းကို ၂၃-၁၂-၂၀၂၃ ရက်နေ့တွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင်ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၁၂)ဦးကို ၃၁-၁၂-၂၀၂၃ ရက်နေ့(တနင်္ဂနွေနေ့) နံနက် (၀၅:၀0) နာရီမှစ၍ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် မိုင်(၂၀)လမ်းလျှောက်စစ်ဆေးခြင်း (ကျန်းမာကြံ့ခိုင်မှု စစ်ဆေးခြင်း) ဆောင်ရွက်သွားမည် ဖြစ်ပါသည်-
စဉ် ခုံအမှတ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် မှတ်ချက်
၁ တ/ခ-၁ ဦးညီညီပိုင် ၈/ခမန(နိုင်)၂၃၁၀၉၀
၂ တ/ခ-၂ ဦးရူပါလင်း ၉/ဇဗသ(နိုင်)၀၀၆၈၄၆
၃ တ/ခ-၉ ဦးခန့်မျိုးဦး ၉/နထက(နိုင်)၂၁၂၅၇၀
၄ တ/ခ-၁၀ ဦးဇေယျာမင်းထက် 14/ပသန(နိုင်)၃၂၀၉၄၆
၅ တ/ခ-၁၁ ဦးပြည့်ဖြိုးအောင် ၉/ပမန(နိုင်)၂၇၂၇၀၈
၆ တ/ခ-၁၂ ဦးဖြိုးကျော်သက် ၁၂/ဥကမ(နိုင်)၂၁၂၃၆၅
၇ တ/ခ-၁၇ ဦးကောင်းမင်းခန့် ၉/လဝန(နိုင်)၂၄၅၉၀၂
၈ တ/ခ-၁၉ ဦးညိမ်းချမ်းပြည့် ၁၂/တမန(နိုင်)၁၂၉၅၇၄
၉ တ/ခ-၂၀ ဦးကောင်းမြတ်လင်း ၇/ရတရ(နိုင်)၂၀၄၅၃၈
၁၀ တ/ခ-၂၃ ဦးရန်နိုင်ထွန်း ၁၂/မဘန(နိုင်)၁၉၁၈၇၉
၁၁ တ/ခ-၂၄ ဦးအောင်သူရဇော် ၁၂/မဘန(နိုင်)၁၈၇၉၆၅
၁၂ တ/ခ-၂၅ ဦးကိုလင်း ၅/အရတ(နိုင်)၀၈၇၃၃၉
၂။ မိုင်(၂၀)လမ်းလျှောက်မည့်သူများအနေဖြင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ နံနက်(၀၄:၃၀)နာရီအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း ယူဆောင်၍ သတင်းပေးပို့ရမည်ဖြစ်ပြီး လမ်းလျှောက်ခြင်းစတင်မည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိ လာသူများကို ဖြေဆိုခွင့်ပြုမည်မဟုတ်ပါ။ လမ်းလျှောက်ရာတွင် တပ်ဆင်ရမည့် ကျောနံပါတ်များ ကို ၂၉-၁၂-၂၀၂၃ ရက်နေ့၊ ရုံးချိန်အတွင်း သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး(ရုံး အမှတ်-၃၉)၊ စီမံခန့်ခွဲရေးဌာနသို့ လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
၃။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၃၄၀၅၄၀၃၊ ၀၆၇-၃၄၀၅၁၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သစ်တောဦးစီးဌာန

date: 
Thursday, December 28, 2023 - 10:30