၂၅-၁၂-၂၀၂၃ ရက်နေ့မှ ၃၁-၁၂-၂၀၂၃ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁.၃၀၈၆)တန်၊ သစ်မာ (၂.၇၉၈၈)တန်၊ အခြား (၂၉.၆၇၂၀)တန်၊ စုစုပေါင်း (၄၃.၇၇၉၄)တန်၊ ယာဉ်/ ယန္တရား (၁၁)စီး၊ တရားခံ (၁၇) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၀-၁၂-၂၀၂၃ ရက်နေ့၊ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ မြို့မ(၃)ဘိနယ်၊ ဆင်ဖြူကွင်းသုဿာန်လမ်းဆုံ၊ မဲခုန်ကျေးရွာအတွင်း တရားမဝင် တောင်သရက်/ပျဉ်းကတိုး ခွဲသား/လုံးပတ်၃ပေ အောက်သစ်/မျော စုစုပေါင်း(၇၁၅)ချောင်း/လုံး (၂၇.၃၆၆၄)တန်၊ ဝါး (၅၂၉၈)လုံး ယာဉ် (၆)စီး၊ တရားခံ (၁၂)ဦး ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Wednesday, January 3, 2024 - 13:45