သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ်(၁၁၇) ကျောင်းသားများနှင့်တွေ့ဆုံ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည်(၇-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်းအကွက်အမှတ်(၇) အတွင်းရှိ မိုးစွေသစ်တောသုတေ သနစခန်း သွားရောက်၍ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ်(၁၁၇) ပထမနှစ်ဝက်(ဆောင်းရာသီ)တောတွင်းလက်တွေ့ကွင်းဆင်း ဆောင်ရွက်နေ သော သင်တန်းသား (၁၀၆)ဦးအား သစ်တောစီမံအုပ်ချုပ်ခြင်း ဘာသာရပ်ကိုပို့ချဆွေးနွေးခဲ့ပြီး သစ်တောဦးစီးဌာန၏ သစ်တောမူဝါဒအချက်(၆)ချက် ရှင်းလင်းဆွေးနွေးခြင်းနှင့်သစ်တော ဝန်ထမ်းများ၏ ခံယူချက်၊ အကျင့်စာရိတ္တကောင်းမွန်စွာ ကျင့်ကြံနေထိုင်ကြစေရေး၊ စိတ်ထားကောင်းမွန်မှန်ကန်ရေးတို့အား မှာကြားလမ်းညွှန်ခဲ့ပါသည်။ဆက်လက်၍ မိုးစွေသစ်တောသုတေသနစခန်းရှိ အမြဲတမ်းပျိုးဥယျာဉ်အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

date: 
Tuesday, January 9, 2024 - 13:00