သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ခြင်း ဒါဘာပွဲ ပြုလုပ်

၈-၁-၂၀၂၄ ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ခြင်း ဒါဘာပွဲ ပြုလုပ်ဆောင်ရွက်ရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရုံးချုပ်ဌာနများမှ ညွှန်ကြားရေးမှူးများနှင့်အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ထမ်းမျာ၏ ၂၀၂၃ခုနှစ်ဒီဇင်ဘာလအတွင်း ပေးပို့တင်ပြခဲ့သည့် ဆန္ဒပြုလွှာ (၁၄)စောင်နှင့် သီးခြားဆန္ဒပြုတင်ပြချက် (၁)ခု အပေါ် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများမှ ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပါသည်။

date: 
Tuesday, January 9, 2024 - 13:00