၁-၁-၂၀၂၄ ရက်နေ့မှ ၇-၁-၂၀၂၄ ရက်နေ့အထိ နေပြည်တော်/ ပြည်နယ်/ တိုင်းဒေသကြီး ၊ သစ်တောဦးစီးဌာနများမှဖမ်းဆီးရမိမှု

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၃၀.၀၇၁၀)တန်၊ သစ်မာ (၁၉.၀၉၃၄)တန်၊ အခြား (၈၁.၇၁၂၂)တန်၊ စုစုပေါင်း (၁၃၀.၈၇၆၆)တန်၊ ယာဉ်/ ယန္တရား (၁၆)စီး၊ တရားခံ (၂၇) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၅-၁-၂၀၂၄ ရက်နေ့၊ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သရက်ပင်ဘိနယ်၊ ကျောက်ပုံ ကျေးရွာတောင်ဘက်ရှိ ကြောင်ချောင်းအနီး/ ရမန်းရွာအနီးဝန်းကျင်/ ကြောင်ရွာအနီး ဝန်းကျင်နှင့် ကျောက်ပုံရွာအရှေ့ဘက်၊ ဒုဋ္ဌဝတီမြစ်ဘေးနေရာတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ အင်ကြင်း/ ပိတောက်/ အင် သစ်လုံး/ခွဲသား/ခွဲခြမ်း/ လုံးပတ်၃ပေအောက် သစ် စုစုပေါင်း(၃၈၀)လုံး/ချောင်း/ခြမ်း (၂၃.၀၁၆၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်-

date: 
Tuesday, January 9, 2024 - 14:30