မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) သင်တန်းသားများ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာနသို့ လာရောက်လေ့လာခြင်း

၁၁-၁-၂၀၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း အမှတ်စဉ် (၁၁၇) ပထမနှစ်ဝက် (ဆောင်းရာသီ)တောတွင်း လက်တွေ့ကွင်းဆင်းဆောင်ရွက်နေသော သင်တန်းသား (၁၀၆)ဦးသည် ကြီးကြပ်သူ သင်တန်းဆရာများနှင့်အတူ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ ရေဆင်းရှိ ဆေးဖက်ဝင်ဥယျာဉ်၊ သစ်မျိုးစုံဥယျာဉ်၊ ကျွန်းခန္ဓာပိုင်းမျိုးထုတ်ဥယျာဉ်၊ သစ်တောကာကွယ်ရေးဌာနစု ပိုးမွှားပြခန်း၊ ဝါးပြခန်းနှင့် လူသုံးနည်း သစ်မျိုးများဖြင့် ပြုလုပ်ထားသော ပရိဘောဂပြခန်း၊ ရေအရည်အသွေးဓာတ်ခွဲခန်း၊ သစ်စေ့ဓာတ်ခွဲခန်း၊ တစ်သျှူးဓာတ်ခွဲခန်းများသို့ သွားရောက်လေ့လာခဲ့ရာ သင်တန်းသားများမှ စိတ်ဝင်တစားကြည့်ရှုလေ့လာခြင်း၊ မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ပြခန်းများနှင့် သုတေသန ဓာတ်ခွဲခန်းများသို့ သွားရောက်မလေ့လာမီ သစ်တောသုတေသနဌာန၊ စုဝေးခန်းမတွင် သစ်တောသုတေသနဌာနမှ ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများနှင့် FD-KFS-REDD+ စီမံကိန်းမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုလည်း သစ်တောသုတေသနဌာန၊ ညွှန်ကြားရေးမှူးနှင့် သက်ဆိုင်ရာ သုတေသီများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

date: 
Thursday, January 11, 2024 - 19:45