မြစ်ကြီးနားခရိုင်၊ သစ်​တောဦးစီးဌာနမှ "သစ်​တောထိန်းသိမ်း​ရေး ၊ ​​တောမီးကာကွယ်​ရေးနှင့် မီးခိုးမြူ​ငွေ့​​လျှာ့ချ​ရေးဆိုင်ရာ အသိပညာ​ပေး​​ဟော​ပြောပွဲ" ခရိုင်အဆင့် ကျင်းပ

ကချင်ပြည်နယ် ၊ မြစ်ကြီးနားခရိုင်၊ သစ်​တောဦးစီးဌာနမှ (၁၁-၁၁-၂၀၂၅ ) ရက်​နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ် ၊ ပ.လ.န(၁) ​ကျေးရွာခန်းမ၌ ​သစ်​တောနယ်​မြေများနှင့်နီးစပ်သည့် ​ဒေသခံပြည်သူများထံ သစ်​တောပြုစုထိန်းသိမ်းခြင်း​နှင့် တောမီးအန္တရာယ် အသိပညာရရှိ​စေ​​ရေး ရည်ရွယ်၍ " သစ်​တောထိန်းသိမ်း​ရေး ၊ ​​တောမီးကာကွယ်​ရေးနှင့် မီးခိုးမြူ​ငွေ့​​လျှာ့ချ​ရေးဆိုင်ရာ အသိပညာ​ပေး​​ဟော​ပြောပွဲ " (ခရိုင်အဆင့်)ပြုလုပ်ခဲ့ရာ ​​​ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့် ​​ဒေသခံပြည်သူ ( ၅၂) ဦး၊ သစ်​တောဝန်ထမ်း (၁၀) ဦး စုစုပေါင်း( ၆၂)ဦး တက်​ရောက်ခဲ့ပါသည်။​ဟော​ပြောပွဲတွင် မြစ်ကြီးနားခရိုင် သစ်​တောဦးစီးဌာန ၊ လက်​​ထောက်ညွှန်ကြား​ရေးမှူးဦး​စိုးဝင်း​အေးမှ တောမီးကာကွယ်​ရေးနှင့် မီးခိုးမြူ​ငွေ့ ​လျှော့ချ​ရေးအ​ကြောင်းကို လည်း​ကောင်း ၊ မြစ်ကြီးနားမြို့နယ် ​ဦးစီးအရာရှိ ဦးစိုးထိုက်မှ သစ်​တောပြုစုထိန်းသိမ်း​ရေးအ​ကြောင်းကိုလည်း​ကောင်း အသီးသီး အသိပညာ​ပေးဟော​ပြောခဲ့ပြီး တက်​ရောက်လာသူများမှ ​မေးမြန်းမှုများအ​ပေါ် ပြန်လည်​​​ဖြေကြား​ခြင်းဆောင်ရွက်ခဲ့ပါ​​ကြောင်း သတင်းရရှိသည်။

date: 
Wednesday, November 12, 2025 - 09:45