ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ (အ.ထ.က)ကျောင်း၊ ခန်းမ၌သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ (အ.ထ.က)ကျောင်း၊ ခန်းမ၌(၁၁.၁၁.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင်“သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်ကျေးရွာတောင်သူများ(၁၁)ဦး၊ကျောင်းသား/ကျောင်းသူ(၈၀)ဦး၊ကျား(၂၉)ဦး၊ မ(၆၂)ဦးစုစုပေါင်း (၉၁) ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ရန်ကုန်အနောက်ပိုင်း ခရိုင်သစ်တောဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်မြင့် က သစ်တောများကပေးစွမ်းနိုင် သောအကျိုးကျေးဇူး၊ မြန်မာနိုင်ငံသစ်တောဖုံးလွှမ်းမှုပြောင်းလဲလာခြင်းနှင့် ပြောင်းလဲမှုအကြောင်း ရင်းများ၊ သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်းလုပ်ငန်းများအကြောင်း၊ မီးခိုးမြူငွေ့များ ဖြစ်ပေါ်စေသည့်တောမီးဆိုင်ရာအကြောင်းများ၊ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့လျှော့ချရေးနှင့် တောမီးလောင်ကျွမ်းမှု လျှော့ချစေနိုင်မည့်နည်းလမ်းများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။


